Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မောက်မယ်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) လက်တွေ့သရုပ်ပြခြင်း ပြုလုပ်
Dec 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) လက်တွေ့သရုပ်ပြခြင်းကို အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)နှင်းဆီဆောင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Dec 28,2023
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစား ဝန်ထမ်းများအား အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက်(၉:၃၀)နာရီက ခရိုင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့၌ ဆောင်းသီနှံ ကြက်သွန်နီ၊ ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်း
Dec 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ဝမ်ကျင်းရပ်ကွက်အနီးရှိ စိုက်ခင်းများတွင် ဆောင်းသီးနှံအဖြစ် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဝမ်ကျင်းရပ်ကွက်မှ ကြက်သွန်စိုက်တောင်သူ ဒေါ်နန်းအေးလှထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ကော့ရွဲစေတီတော်မြတ် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချမင်္ဂလာ အခမ်းအနား တက်ရောက်
Dec 28,2023
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ်ကညှော်ကျေးရွာ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်ကျိုက်ကော့ရွဲစေတီတော်မြတ် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ မင်္ဂလာအခမ်းအနား သို့တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် (၇၄) ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုနေမှုကြည့်ရှုအားပေး
Dec 28,2023
YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှ ကြီးမှူးကျင်းပသော (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုနေမှုကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်) ကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူများ၏ (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 28,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် လိုက်နာဆောင်ရွက်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီမှ ဖြန့်ဝေသည့် နွေ၊ မိုး၊ ဆောင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာနှင့် လိုက်နာဆောင်ရွက်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့ပေါ်/ရပ်ကွက်များ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံများစိုက်ပျိုးခဲ့ရာ ဆောင်းနှမ်းလျင်များ ရိတ်သိမ်းလျက်ရှိ
Dec 28,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်းလျင်၊ ပဲတီစိမ်း၊ ကုလားပဲ၊ နေကြာနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိကာ ဖော်ပြပါသီးနှံများအနက် ဆောင်းနှမ်းလျင်သီးနှံများ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7909
Page
7910
Page
7911
Page
7912
Current page
7913
Page
7914
Page
7915
Page
7916
Page
7917
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department