သတင်းများ

ဟုမ္မလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Dec 28,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်းမှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများကို အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်အုပ်စုမှ ယာယီတိမ်းရှောင်ပြည်သူများ၊ ပညာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေး၍ ဆန်ရိက္ခာ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်
Dec 28,2023
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုများကြောင့် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ယာယီတိမ်းရှောင်လာသော ဒေသခံပြည်သူများနှင့် ပညာရေးဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက ဒေသခံပြည်သူများနှင့် ပညာရေးဝန်ထမ်း များအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်၌ မဟာဒုတ်ဘုရားအား ဆွမ်းတော်ကြီးဆက်ကပ် လှူဒါန်းပူ‌ဇော်ပွဲကျင်းပ
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၈)ဖြတ်လမ်း၊ ညောင်ငူ ပရိယတ္တိစာသင်တိုက်တွင် (၇၉)ကြိမ်မြောက် မဟာဒုတ်ဘုရားပွဲတော် ကျင်းပလျက်ရှိရာ တွင် နတ်တော်လဆန်း (၁၄)ရက် ညနေပိုင်းက ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောကာ မီးငြှိမ်းသတ်ရေးသရုပ်ပြ
Dec 28,2023
မြို့နယ်တွင်း မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် ဘိုကလေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောမှုနှင့် အတူ မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ သည်။
ရေဦးမြို့အောင်ချမ်းသာရပ်ကွက်တွင် စားဆီများ ဆက်လက် ရောင်းချပေး
Dec 28,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုရအဖွဲ့၏ အစီအစဉ်ဖြင့် ဒီဇင်ဘာလ၂၆ ရက် နံနက် ၉ နာရီက ရေဦးခရိုင် ရေဦးမြို့ အောင်ချမ်းသာရပ်ကွက်ရုံးတွင် ဒေသခံပြည်သများအား စားဆီများ တန်ဖိုးသင့်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
ညောင်တုန်းမြို့နယ်တွင် အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပ
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အမျိုးသမီးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယား ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆားမလောက်-ညောင်တုန်း လမ်းမပေါ်၌ ပေးအပ်ခဲ့သည်။
ရွှေဘိုမြို့၌ (၇၆)နှစ်​မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ 
Dec 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်​နေ့တွင် ကျ​ရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ​ယမန်​နေ့နံနက် (၁၀)နာရီချိန် ကျောင်း​ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။