သတင်းများ

ကျန်းမာရေးဝန်ကြီးဌာန၊ အထူးကုဆရာဝန်ကြီးများ မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Oct 16,2023
ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးဆေးကုသရေး အစီအစဉ်အဖြစ် မုံရွာခရိုင်အတွင်းရှိ မိဘပြည်သူများအတွက် စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက  ခုတင် (၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ဂန့်ဂေါမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 16,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြောက်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ လူစည်ကားရာနေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင်  ဆောင်ရွက်ခဲ့ကြသည်။
သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Oct 16,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၉၀)ဦးတို့ကို လူမှုရေးပင်စင်‌ ထောက်ပံ့ငွေ (၂၃၇၀၀၀၀၀) ပေးအပ်
Oct 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၉၀)ဦးတို့ကို မြိုနယ်လူမှု၀န်ထမ်းဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လက်၀ယ်သို့ စတင်လွှဲ‌ပြောင်းပေးအပ်ခဲ့သည်။
ပူတာအို-မချမ်းဘော နယ်လုံးဆိုင်ရာ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 15,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပူတာအို-မချမ်းဘော နယ်လုံးဆိုင်ရာ ဗုဒ္ဓဒေသနာတော်ရွတ် ဆိုပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ(၁၅)ရက် နံနက်(၈)နာရီက ပူတာအိုမြို့ တောင်တန်း သာသနာပြု(ဗဟို)ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပသည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Oct 15,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၊ မြို့နယ်အမျိုးသမီးများအသင်း (Woman Club) နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှမ်းပွဲတော်ကွင်းအတွက် မြေပေးမိန့်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Oct 15,2023
ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ ဘာသာရေးပွဲတော်များနှင့် နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် ရှမ်းအမျိုးသားနေ့ ရိုးရာဓလေ့ထုံးတမ်းများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ရေးနှင့် တည်တည်တံတံမြေနေရာအဖြစ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုပွဲတော်ကွင်း တည်ရှိနိုင်ရေးအတွက်  ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတွင် ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က  မြေပေးမိန့်ပေးအပ်ပွဲ အခမ်းအနားကို ဒေသခံတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ ရှမ်းတိုင်းရင်းသားများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအမှုဆောင်များနှင့် ဌာနဆိုင်ရာများက စည်ကားသိုက်မြိုက်စွာ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။
ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  မြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်
Oct 15,2023
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။