မင်္ဂလာတောင်ညွန့်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
Oct 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အောက်တိုဘာ ၁၄ နံနက်(၁၁:၀၀)နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “ခေါင်းဆောင်မှု”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။