သတင်းများ

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
May 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၁) နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်များ) စုပေါင်းကြဲပက်ပွဲကျင်းပ
May 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ လှည်းလမ်းတက် ကျေးရွာအုပ်စု၊ လှည်းလမ်းတက်ကျေးရွာရှိ ကွင်းအမှတ် (၁၄၇၅)၊ ဦးပိုင်အမှတ်(၆၂)၊ တောင်သူ ဦးအေးကို ပိုင် လယ်မြေ (၅.၀၀)ဧက၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ်တွင် အသက် (၂) လ မှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး
May 07,2025
ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၊ ကျေးသီးမြို့ပေါ် (၆) ရပ်ကွက်ရှိ မွေးကင်းစ အသက် (၂) လမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းကို မေလ ၅ ရက်နေ့ နံနက် (၉) နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
May 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းအား ယမန်နေ့ နံနက် (၈) နာရီခန့်က စတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲ ဖြေဆိုနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး
May 07,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အ.ထ.က(ခွဲ) မြို့မကျောင်း၌ Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲဖြေဆိုနေမှုကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ်(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသ
May 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍  ဥာဏ စွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
May 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တတိယအကြိမ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် တစ်ဦးလျှင် ၄၀၀၀၀/- ကျပ် ၂ လစာ ထောက်ပံ့ငွေအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက ဒဂုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကသာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား  စခန်းသွင်းလေ့ကျင့်သင်ကြားပေး
May 07,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12)ကို ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားပို့ချခြင်းများကို ဧပြီ ၂၈ ရက်မှစတင်ကာ ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။