သတင်းများ

၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ခေတ်မီစံပြကျေးရွာရှိ ရွေအိုင်မြေဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ၊ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
May 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန် ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသည်းအဝေးခန်းမတွင် ၂၀၂၄-၂၀၂၅ခု ၊ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကိုယမန်နေ့နံနက် (၁၀)နာရီအချိန်ကကျင်းပခဲ့သည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
May 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
May 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၄ နာရီက နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အောင်ချက်မြင့်မားနိုင်ရေးအတွက် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခများမှ အနီးကပ်လာရောက်ပို့ချပေး
May 07,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် စခန်းသွင်းလေ့ကျင့်နေသည့် ကျောင်းသား ကျောင်းသူများအား အောင်ချက်မြင့်မားနိုင်ရေးအတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခဆရာမများက ယမန်နေ့မွန်းလွဲပိုင်းတွင် အနီးကပ် လာရောက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂ဝ၂၅) ကျင်းပ
May 07,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ (၅/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ၌ ပြုလုပ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ၊ ရေပိုက်လိုင်းများနှင့် လမ်းများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး
May 07,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မေလ ၅ ရက်နေ့ ညနေပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်၊ ကံ့ကော်အိမ်ရာသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံနှုန်းနှင့်အညီ စနစ်တကျပြုပြင်ရေး၊ သောက်သုံးရေများအမြန်ဆုံးရရှိအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
တာလေမြို့၊ ကလေးစာဖတ်ခန်း၌ စက္ကူခေါက်ပြိုင်ပွဲ ကျင်းပ
May 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌  စက္ကူခေါက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။