သတင်းများ

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ​ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
May 07,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ (၇၉)နှစ်မြောက် ​မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေလ ၅ ရက်နေ့က တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက လေးကျွန်းအောင်မြေ ဘုရားရင်ပြင်တော်ပေါ် ပြည့်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ် စည်ပင်ဧည့်ရိပ်သာတွင် မန္တလေးငလျင်သက်ရောက်မှုကြောင့် ခံစားနေရသူများအား စိတ်လူမှုဆိုင်ရာပံ့ပိုးပေးခြင်းနှင့် (Child Friendly Space) လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 07,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်သက်ရောက်မှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများနှင့် (Child Friendly Space) လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ဆောင်ရွက်ခဲ့သည်။
မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
May 07,2025
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်က မြို့ပေါ်ရပ်ကွက်များအတွင်း စက်ရုံ၊ အလုပ်ရုံများနှင့် လူနေအိမ်းများသို့ တစ်အိမ်တက်ဆင်းစစ်ဆေးပြီး မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်သည်။
သရက်မြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
May 07,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီးဓမ္မာရုံတွင် မြို့ပေါ်(၈)ရပ်ကွက်ရှိ မွေးကင်းစမှ အသက် (၁) နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ကမာရွတ်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
May 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဒုတိယအကြိမ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် တစ်ဦးလျှင် ၄၀၀၀၀ ကျပ် ၂ လစာ ထောက်ပံ့ငွေအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေလယ် ၂ နာရီက ကမာရွတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အကြို ကမ်ပိန်းပြုလုပ်
May 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ရောက်ရှိမည့် ကမ္ဘာ့ကြက်ခြေနီနေ့(World Red Cross Day)အကြို ကြက်ခြေနီအကြောင်းသိကောင်းစရာ ကမ်ပိန်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်လင်မြို့ မြို့မဈေးကြီးရှေ့ နာရီစင်အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့ မျိုးဆက်သစ်အားကစားသမားများ၏ ဒုတိယအကြိမ်မြောက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ် များနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
May 07,2025
မူဆယ်ခရိုင်၊ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌက ကြီးမှူးပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနက စီစဉ်ကျင်းပသည့် မျိုးဆက်သစ်အားကစားသမား အမျိုးသားများ၏ ဒုတိယအကြိမ်မြောက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို မေလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ တွဲဆိုင်း (၉) ဆိုင်းဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင် တောင်တွင်းကြီးမြို့ ယင်းမလည်ချောင်း မြေအောက်တမံ (၁)၊ (၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ
May 07,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရီပျံချီ ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် ယင်းမလည်ချောင်းမြေအောက်တမံ (၁)၊ (၂) တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။