ကသာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ကသာ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ကျန်တောကျေးရွာအုပ်စုဓမ္မာရုံတွင် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ ချပြရှင်းလင်းဆွေးခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကသာရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ကသာခရိုင်အတွင်းရှိ နယ်မြေဒေသအခြေအနေများ၊ နယ်မြေမတည်ငြိမ်မှုကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် ပြည်သူလူထု၏စားဝတ်နေရေးအထိ သက်ရောက်လာသည့် အကျိုးဆက်များ၊ ဒေသခံ ပြည်သူများ၏ နယ်မြေလုံခြုံတည်ငြိမ်ရေးအတွက် ပူးပေါင်းရန်လိုအပ်သည်များကို အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို ချပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်ရဲတက်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်လှိုင်မြင့်က ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ကျခံရနိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို ဆွေးနွေးခဲ့သည်။

ထို့နောက် ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျန်တောကျေးရွာအုပ်စုမှ ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းက ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ကျန်တောကျေးရွာအုပ်စုမှ ဒေသခံပြည်သူ (၈၀) ဦး ကျော်က စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း