ဓနုဖြူ ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှေဆိပ်ကျေးရွာရှိ စူပါအောင်ဖူဆယ်ဘောလုံး အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုခဲ့ပြီး အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်အား ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများမှ လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖျော်ဖြေရေးအဖွဲ့ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး၊ အလွတ်တန်းအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအား ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အသင်း(၁၃)သင်းမှ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)