သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းအဆင့်ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနား တက်ရောက်
May 06,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှဖွင့်လှစ်သည့် တိုင်းအဆင့်ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဗိုလ်မင်းရောင်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဥပဒေအရာရှိများ၊ သင်တန်းသားအရာထမ်းများ တက်ရောက်ခဲ့ကြသည်။
(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဦးလှထွန်း မေတ္တာရိပ်မွန် ကင်ဆာဖောင်ဒေးရှင်းသို့ နေ့လယ်စာနှင့် ဆေးပဒေသဘင်လှူဒါန်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်
May 06,2025
 (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လူနာများအား နေ့လယ်စာအဟာရဒါနအလှူနှင့် ဆေးပဒေသဘင်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကင်ဆာဖောင်ဒေးရှင်း၌ ဆောင်ရွက်သည်။
ဒေးဒရဲမြို့နယ်၊ သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး ပျိုးပင်ပေါင်း (၁၅၀၀၀) ကျော် ပျိုးထောင်ထားရှိ
May 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် လူထုဖြန့်မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျဥ်းကတိုး၊ မန်ဂျန်ရှား၊ မာလာလူးကား၊ စိန်ပန်းကြီး၊ ခရေ စသည့် ပျိုးပင်ပေါင်း (၁၅၀၀၀) ကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများအား စတုတ္ထနေ့အဖြစ် ဘာသာရပ်အလိုက် အနီးကပ်သင်ကြားပို့ချပေး
May 06,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်ဦ တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများအား စတုတ္ထနေ့အဖြစ် ဘာသာရပ်အလိုက် အနီးကပ်သင်ကြားပို့ချခြင်းကို ယမန်နေ့နံနက်(၈)နာရီက တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်များမှ ပါမောက္ခများ၊ ကထိကများ သင်ကြားပို့ချဆောင်ရွက်ကြကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
May 06,2025
ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်
May 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က အမှတ်(၁၅၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားတက်ရောက်
May 06,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ၊ တောင်သူဦးညွန့်ဝင်း၏ လယ်ဧက(၅.၇၈)ဧကတွင်ပြုလုပ်သည့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားသို့တက်ရောက်၍ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ကြဲပက်ပေးခဲ့သည်။
မြိတ်မြို့တွင် ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၂၅) ဖွင့်လှစ်
May 06,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၂၅)ကို မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။