သတင်းများ

ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ် အခမဲ့ ပုံမှန်ပြေးဆွဲပေး
Jul 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်တွင် လာရောက်တာဝန်ထမ်းဆောင်လျက်ရှိသောဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများသွားလာမှုအဆင်ပြေစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လမ်းညွှန်ချက်အရ ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ်ခရီးစဉ်ကို တစ်လလျှင်တစ်ကြိမ် အခမဲ့ ပြေးဆွဲလျက်ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းဖွင့်ပွဲသို့တက်ရောက်
Jul 31,2025
ကချင်ပြည်နယ်၏ စပါးကျီခရိုင်တစ်ခုဖြစ်သည့် မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်မြှင့်မားလာစေရေးအတွက် လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရေး မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၉ ရက် မိုးညှင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ရှိ/မရှိ စစ်ဆေး
Jul 31,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တံတားဦးမြို့ တံတားဦး-မြို့သာ ကားလမ်းပေါ်တွင် မြို့အဝင်/အထွက်ဂိတ်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များနှင့် မကျန်းမာသည့်သက်ကြီးဘိုးဘွားများအား UID ကတ်(Smart Cards)များနှင့် Home Service ဆောင် ရွက်ပေး
Jul 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ပင်စင်လစာထုတ်ယူနေသောနိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များနှင့် သက်ကြီးဘိုးဘွားများအား UID ကတ်(Smart Cards)များကို ဆောင်ရွက်ပေးလျက်ရှိသည်။
ကျောက်ဆည်မြို့၌ ဌာနဆိုင်ရာဝန်ထမ်း၇၀၆၉ဦးအား စားအုန်းဆီ၁၄၁၃၈ပိဿာ ရောင်းချပေးလျက်ရှိ
Jul 31,2025
ကျောက်ဆည်ခရိုင်ဆည်ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီရောင်းဝယ်ရေးဆိုင်များမှ ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီနှစ်ပိဿာနှုန်းဖြင့် ဝန်ထမ်း(၇၀၆၉)ဦးအား တစ်ပိဿာလျှင် ငွေကျပ် ၇၁၄၀ နှုန်းဖြင့် ဆီ ၁၄၁၃၈ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဆေးကုသရေးသမားတော်ကြီးများမှ မျက်စိဝေဒနာရှင်များအား နယ်လှည့်ကွင်းဆင်းဆေးကုသပေး
Jul 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းနှင့် စေတနာရှင်ဆရာဝန်ကြီးများ၏ ကု သိုလ်ဖြစ်ဆေးကုသရေးအဖွဲ့တို့မှ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်(၈)နာရီမှ (၄)နာရီအထိ အမှတ်(၇)ရပ်ကွက် မဟာအောင်မြေဘုန်းတော်ကြီးကျောင်း သဇ္ဇနသုခကာရီသိမ်ဓမ္မဗိမာန်တော်ကြီးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အခမဲ့ ဆေးကုသပေးလျက်ရှိသည်။
ဘီးလင်းမြို့နယ်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းရေကျော်မှုကြောင့်ယာဉ်ကြီးများသာ ဖြတ်သန်းသွားလာခွင့်ပြု
Jul 31,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်ကာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းရေကျော်မှုကြောင့် ဇူလိုင် လ ၂၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မော်တော်ယာဉ်ငယ်များဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း သိရသည်။
ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jul 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်နှင့်အခြခံပညာကျောင်းများပူးပေါင်းကျင်းပမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဇူလိုင် ၂၈ ရက်နေ့နံနက် ၁၀ နာရီကကျင်းပသည်။