လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ မိုးစပါး (High Yielt Potential) စံပြစိုက်ခင်းတွင် မိုးစပါးစိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု

လေးမျက်နှာ ဇူလိုင် ၃၀

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု၊ စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦးဌေးအောင်၏ မိုးစပါး (High Yielt Potential) စံပြလယ်မြေတွင် စိုက်ပျိုးနေမှုအား ယနေ့နေ့လယ်ပိုင်းက ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

စာရေးကွင်းကျေးရွာရှိ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦးဌေးအောင်၏ လယ်မြေ (၁.၀၀) ဧကတွင် အောင်နိုင်တိုး စပါးမျိုးအား ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုး နေမှုအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့်‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့သည်။

 ဆက်လက်၍ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ကောက်စိုက်လုံမေးများအား အဆာပြေ မုန့်နှင့် အချိုရည်တို့ကို ပေးအပ်ခဲ့သည်။

အဆိုပါ မိုးစပါးစိုက်ပျိုးနေမှုအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့်‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)