ဒေးဒရဲ ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများက အငြိမ်းစားယူခဲ့ကြသည့် အသက် (၇၀)နှစ်နှင့် အထက် သက်ကြီး၊ ဝါကြီး ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူဟောင်းများက (၈၄) ကြိမ်မြောက် ဆေးဝါးအလှူတော်ငွေများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက လိုက်လံလှူဒါန်းပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါလှူဒါန်းပေးအပ်ရာတွင် ကျောင်းသား၊ ကျောင်သူဟောင်းများက အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး (၇၂)ဦးအား ပူဇော်ကန်တော့်ခြင်းနှင့် ဆေးဝါးအလှူတော်ငွေ တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် လှူဒါန်းပေးအပ်ခဲ့ပြီး အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးက ကြည်နှုးဝမ်းသာ သြဝါဒစကားများ ပြောကြားပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း