မိုးညှင်း ဇူလိုင် ၃၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဝန်ကြီးချုပ်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီး၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှ အေးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နံနက်ပိုင်းတွင် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ အောင်သပြေရပ်ကွက်ရှိ စုပေါင်းရုံးရှေ့ကွင်းပြင်၌ ကျင်းပသည့် ယခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးကြရာတွင် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသစ်ပင်နှင့်ဇီဝမျိုးကွဲများကို ချစ်မြတ်နိုးတတ်စေရန်၊ ဂေဟစနစ်တည်ငြိမ်မှုအား အထောက်အကူ ပြုစေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် အရိပ်များရစေရန်အတွက် မြို့နယ်သစ်တော ဦးစီးဌာနမှ အမြင့်နှစ်ပေအထက်ရှိသော အရိပ်ရ နှစ်ရှည်အပင်များဖြစ်သည့် ကျွန်း(၈)ပင်၊ ပိတောက် (၈)ပင်၊ ခရေ (၈)ပင်၊ ကံ့ကော် (၈)ပင်၊ မဟော်ဂနီ (၈)ပင်၊ ယမနေ (၈)ပင်၊ ယင်းမာ (၈)ပင်၊ မျောက်ငို (၄)ပင်၊ ပျဉ်းကတိုး (၂၂၅)ပင်နှင့် မန်ဂျန်ရှား (၂၂၅)ပင် စုစုပေါင်းပျိုးပင် (၅၁၀)ကို အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဝန်ကြီးချုပ်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီး၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိုးညှင်းတပ်နယ်မှူးနှင့် မိုးညှင်းတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများက သတ်မှတ် နေရာအသီးသီးတွင် စိုက်ပျိုးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်ဥပဒေချုပ်နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း