ဟိုပုံး ဇူလိုင် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က မြို့မအားကစားကွင်းတွင် ပြုလုပ်သည်။
ဗိုလ်လုပွဲစဉ်တွင် တောင်ရပ်(ကံတက်)ဘောလုံးအသင်းနှင့် ညောင်ပင်ကြီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံဘောလုံးဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဗိုလ်လုပွဲစဉ်တွင် တောင်ရပ်(ကံတက်)ဘောလုံးအသင်းနှင့် ညောင်ပင်ကြီးဘောလုံးအသင်း ယှဉ်ပြိုင်ကစားကြရာ တောင်ရပ်(ကံတက်)ဘောလုံးအသင်းက ညောင်ပင်ကြီး ဘောလုံးအသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းခိုင်ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းဦးက ကျန်းမာရေးအဖွဲ့များကိုလည်းကောင်း ဂုဏ်ပြုဆုငွေများကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် နေရာအလိုက် အကောင်းဆုံးဆုရအားကစားသမားများကို ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး သန်းဋ္ဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဋ္ဌေးအောင်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးလေးလွင်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွှန့်တို့က ဂိုးသမားအကောင်းဆုံး အားကစားသမားဆု၊ နောက်တန်းအကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားသမားဆုတို့ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ဒုတိယဆုရရှိသော ညောင်ပင်ကြီး ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်က ဒုတိယဆုရရှိသော ညောင်ပင်ကြီးဘောလုံးအသင်းအား ငွေသားကျပ်(၇)သိန်းကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်က ပထမဆုရရှိသော တောင်ရပ်(ကံတက်)ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က ပထမဆုရရှိသော တောင်ရပ်(ကံတက်) ဘောလုံးအသင်းအား ငွေသားကျပ်(၁၀)သိန်းကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ပထမဆုရရှိသော တောင်ရပ်(ကံတက်) ဘောလုံးအသင်းအား တံခွန်စိုက်ဒိုင်းကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အသင်းပေါင်း(၃၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြီး ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ(၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)