သတင်းများ

ကျောက်ဆည်မြို့၌ ဌာနဆိုင်ရာဝန်ထမ်း၇၀၆၉ဦးအား စားအုန်းဆီ၁၄၁၃၈ပိဿာ ရောင်းချပေးလျက်ရှိ
Jul 31,2025
ကျောက်ဆည်ခရိုင်ဆည်ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီရောင်းဝယ်ရေးဆိုင်များမှ ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီနှစ်ပိဿာနှုန်းဖြင့် ဝန်ထမ်း(၇၀၆၉)ဦးအား တစ်ပိဿာလျှင် ငွေကျပ် ၇၁၄၀ နှုန်းဖြင့် ဆီ ၁၄၁၃၈ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဆေးကုသရေးသမားတော်ကြီးများမှ မျက်စိဝေဒနာရှင်များအား နယ်လှည့်ကွင်းဆင်းဆေးကုသပေး
Jul 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းနှင့် စေတနာရှင်ဆရာဝန်ကြီးများ၏ ကု သိုလ်ဖြစ်ဆေးကုသရေးအဖွဲ့တို့မှ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်(၈)နာရီမှ (၄)နာရီအထိ အမှတ်(၇)ရပ်ကွက် မဟာအောင်မြေဘုန်းတော်ကြီးကျောင်း သဇ္ဇနသုခကာရီသိမ်ဓမ္မဗိမာန်တော်ကြီးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အခမဲ့ ဆေးကုသပေးလျက်ရှိသည်။
ဘီးလင်းမြို့နယ်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းရေကျော်မှုကြောင့်ယာဉ်ကြီးများသာ ဖြတ်သန်းသွားလာခွင့်ပြု
Jul 31,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်ကာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းရေကျော်မှုကြောင့် ဇူလိုင် လ ၂၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မော်တော်ယာဉ်ငယ်များဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း သိရသည်။
ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jul 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်နှင့်အခြခံပညာကျောင်းများပူးပေါင်းကျင်းပမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဇူလိုင် ၂၈ ရက်နေ့နံနက် ၁၀ နာရီကကျင်းပသည်။
ဒဂုံတက္ကသိုလ်တွင် Pfizer  JN 1 ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်
Jul 31,2025
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသ‌ရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည်အဓိကလုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ဦးတည်အုပ်စုများသတ် မှတ်၍ ပြည်သူများကာကွယ်ဆေးထိုးနှံနိုင်စေရေးဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းက ဒဂုံတက္ကသိုလ်တွင် ဆရာ၊ ဆရာမများနှင့်‌ ကျောင်းသား၊ ကျောင်းသူ(၅၅၂)ဦးအား Pfizer JN 1  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုထိုးနှံပေးလျက်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jul 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မွန်းလွဲ ၁နာရီအချိန်က မှော်ဘီမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။
အောင်လံမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အရှိန်အဟုန်မြင့်တင် ဆောင်ရွက်
Jul 31,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၌ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အောင်လံမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 31,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက အောင်လံမြို့၊ မြို့မဈေးနှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။