ချောက်မြို့နယ်၊ ဆင်ကကျေးရွာတွင် သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေး

ချောက် ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆင်ကကျေးရွာ၌ သောက်သုံးရေရရှိ‌စေရေး စက်ရေတွင်းတူး ဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထိန်ကန်ကျေးရွာအုပ်စု၊ ဆင်ကကျေးရွာနေပြည်သူများ သောက်သုံးရေရရှိရေးလုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ်(၉၀)သန်းဖြင့် အနက်(၉၀၀)ပေရှိစက်ရေတွင်းတူးဖော်ခြင်း၊ ရေပန့်၊‌ မော်တာ တပ်ဆင်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ (၅ပေ×၅ပေ× ၇ပေ) ရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်(၁၁၀၀) ပေ သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ပြီးစီးပါကဆင်ကကျေးရွာနေ အိမ်ခြေ(၅၆၂)၊ လူဦးရေ(၂၉၁၄)ဦးအတွက် သောက်သုံးရေဖူလုံစွာရရှိမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)