အင်းစိန် ဇူလိုင် ၃၁
၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၄)ခရိုင် (၆)ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ မြန်မာ့ခြင်းလုံးအားကစားနည်းသည် မြန်မာတိုင်းရင်းသားအားလုံး၏ရိုးရာယဉ်ကျေးမှုလက္ခဏာစစ်စစ်ဖြစ်ပြီး မြန်မာ့ခြင်းလုံးအားကစားနည်းကိုလည်းကမ္ဘာကိုထိုးဖောက်နိုင်စေရန်အတွက် ယခုလိုပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်အားကစားသများစဉ်ဆက်မပြတ်မွေးထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့် အားကစားသမားများအနေဖြင့်လည်း တစ်ချိန်တွင်နိုင်ငံ့ဂုဏ်ဆာင်အားကစားသမားမျာအဖြစ်ကြိုးပမ်းဆောင်ရွက်သွားကြရန်စသည်တို့ကို ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်ရွတ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ကဒိုင်အဖွဲ့၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး ခြင်းလုံးများပေးအပ်ကာ ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြပြီး ရန်ကုန်တိုင်းဒေသကြီးလက်ရွေးစင်များ၊ ရုပ်ရှင်အ စည်းအရုံးမှအနုပညာရှင်များ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့်(၁၄)ခရိုင်မှ အားကစားသများက(၆)ပေါက်တန်းခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ခြင်းကို သရုပ်ပြသခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
အဆိုပါ(၆)ပေါက်တန်းခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲများကို(၁၄)သင်းဖြင့် ဇူလိုင်လ(၃၀)ရက်နေ့မှ ဩဂုတ်လ(၂)ရက်နေ့အထိ ယှဉ် ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)