သတင်းများ

ဘိုကလေးမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီခွဲ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်ပြည့် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၂)နာရီ အချိန်တွင် ကန်ကြီးထောင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS)၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရွှေကျင်မြို့နယ်အတွင်းရှိ တောင်သူများအား ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ မျိုးစေ့များအား ပေးအပ်ပွဲကျင်းပ
Oct 18,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်းလေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့နံနက် (၁၀)နာရီ အချိန်မှစ၍ ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲ ကျင်းပခဲ့သည်။
ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
Oct 18,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိပြည်သူများအား မီးပေါ့ဆမှုမရှိရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေးပိုစတာများကို ယမန်နေ့မွန်းလွဲပိုင်းက အများပြည်သူသိရှိနိုင်စေရန် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့သည်။
နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေး
Oct 18,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား  မိသားစုတစ်စုလျှင် (၁)ပိဿာ (၅၀၀၀)ကျပ်နှုန်းဖြင့် ယနေ့နံနက် (၈)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
တောင်ပြိုလက်ဝဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
Oct 18,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်တွင် ဆောင်းမြေပဲမျိုးစေ့ထုတ်စိုက်ခင်း စတင်စိုက်ပျိုးခြင်းများ ဆောင်ရွက်
Oct 18,2023
မြေပဲသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များရရှိစေရန်၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန်၊ ဒေသတွင်း စားသုံးဆီဖူလုံနိုင်စေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရန်တို့အတွက် ရည်ရွယ်၍ ဆောင်းမြေပဲ မျိုးစေ့ထုတ်စိုက်ခင်းများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်စောက်မိန်းကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာပိုင် သီပေါဥယျာဉ်ခြံ၌ ဆောင်းမြေပဲမျိုးစေ့ထုတ်စိုက်ခင်းများကို ယမန်နေ့နံနက် ၉ နာရီက စတင်စိုက်ပျိုး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု အဆို၊အက၊ အရေး၊ အတီးအဖွဲ့အားကြည့်ရှုအားပေး
Oct 18,2023
နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့်ပြိုင်ပွဲတွင်သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်း ဒေသကြီးကိုယ်စားပြုအဆို၊ အက၊ အရေး၊ အတီးအဖွဲ့သည် ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)ရှိ အဆောင်များ၌  စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊  တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။