တပ်ကုန်းမြို့နယ် အ.ထ.က(၁)ကျောင်း ၁၉၉၇-၁၉၉၈ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား/သူဟောင်းများ ပဥ္စမကြိမ်မြောက် ဆရာကန်တော့ပွဲကျင်းပ

တပ်ကုန်း ဒီဇင်ဘာ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ၁၉၉၇-၁၉၉၈ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသားကျောင်းသူဟောင်းများ ဦးဆောင်ကျင်းပသည့် ပဥ္စမအကြိမ်မြောက် ဆရာကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားကို အခမ်းအနားမှူးဖြစ် ဦးဇော်လင်းအောင်(MRTV)က ဆောင်ရွက်၍ ကျောင်းသား၊ ကျောင်းသူဟောင်းများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကန်တော့ကျိုးဆိုကာ ဆရာကြီး၊ ဆရာမကြီးစုစုပေါင်း ၅၂ ဦးအား တစ်ဦးလျှင်ငါးသောင်း၊ ငါးထောင်နှုန်းနှင့် ၁၉၉၇-၁၉၉၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူဟောင်းများ တံဆိပ်ပါ အနွေးထည် တစ်ထည်စီး၊  ကန်တော့ငွေပေါင်း ၂၈ သိန်း၊ ခြောက်သောင်း၊ အသီးသီးပေးအပ်၍ လက်အုပ်ချီကန်တော့ကြပြီးနောက် ဆရာကြီး၊ ဆရာမကြီးများက ဆုံးမဩဝါဒစကား ပြန်လည်ပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ကိုယ်စား ကျောင်းသားဟောင်းတစ်ဦးက ဝါကျွတ်ဆရာကန်တော့ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆရာကြီး၊ ဆရာမကြီးများအား အာဟာရဒါနများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်