ကလောမြို့နယ်၌ အသက်(၂၅) နှစ်အောက် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ကလော    ဒီဇင်ဘာ   ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၃ခုနှစ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ကော်မတီဉက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကလောမြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများ နေရာယူခြင်း၊ နိုင်ငံတော်အလံ အား အလေးပြုခြင်းနှင့် အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုခဲ့ပြီး အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား တက်ရောက်လာသည့် အားကစားကော်မတီဝင်များနှင့် ဧည့်သည်တော်များမှ လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ထို့နောက်အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာ၍ Fitness dance အက နှင့်ဓနုယဉ်ကျေးမှု့အကတို့ဖြင့်ဖျော်ဖြေခဲ့ကျရာ အကများဖြင့် ဖျော်ဖြေခဲ့ကျသည့်အဖွဲ့များအား ဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကိုစတင်ကစားခဲ့ရာ လမိုင်းကျင်းအသင်းနှင့်ကုန်းလွင်အသင်းတို့ စတင်ယှဉ် ပြိုင်ကစားလျက်ရှိကြောင်း၊ အဆိုပါပြိုင်ပွဲတွင် ကလောမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်(၂၈)သင်းဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)