၂၀၂၃-၂၀၂၄. ပညာသင်နှစ်၊အခြေခံပညာမူလ တန်းGrade-5 ပြီး​မြောက်ခြင်းဆိုင်ရာစာမေးပွဲ မြို့နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ကျိုက် မရော   ဒီဇင်ဘာ  ၂၄

မွန်ပြည်နယ်၊  ကျိူက်မရော မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  အခြေခံပညာမူလတန်း(Grade-5 )ပြီးမြောက်ခြင်းဆိုင်ရာ စာမေးပွဲမြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီ အ.ထ.ကကျိုက်မရော (ပညာအားမာန်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ခရိုင်ပညာရေးမှူး ဒေါက်တာ  ဒေါ်ခင်သူဇာ က အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆွေးနွေး ပွဲကိုဆက်လက်ကျင်းပရာ အ.လ.က ခွဲ ချောင်းဆုံမှ ကျောင်းအုပ်ဆရာကြီး ဦးသက်ထွန်းမြန်မာစာ ဘာသာရပ်ကိုလည်းကောင်း၊ အ.မ.က မော်လမြိုင် မှကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းယုက အင်္ဂလိပ် စာဘာသာရပ်ကို လည်းကောင်း၊ အ.မ.က ဇေယျဝတီ-၆ မှ ဆရာမဒေါ်ချောကလျာဝင်းက သင်္ချာဘာသာရပ်၊ သံဖြူဇရပ် အ.လ.က ခွဲမှ ဆရာကြီးဦးတင်မြင့် ဦးကသိပ္ပံ ဘာသာရပ်နှင့်မုဒုံ အ.မ.က ကျောင်းအုပ် ဆရာမကြီးဒေါ်မိုးမိုးထွန်းကလူမှုရေး ဘာသာရပ်ကိုစသည်တို့ကို သင်တန်းနည်းပြ ၅ ဦးတို့က က ဏ္ဍာအလိုက် သင်ကြားပို့ချ ပေးခဲ့ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့  ကျိုက်မရော မြို့နယ်အတွင်းရှိ ထက်၊လယ်၊မူ ကျောင်းပေါင်း (၁၄၀)မှ ကျောင်းအုပ်ကြီးများနှင့် Grade-5 အတန်းသင်ကြားနေသော ဆရာ၊ ဆရာမ စုစုပေါင်း (၂၈၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကာလမှာသုံးရက် ဖြစ်ကြောင်း သိရသည်။

 မိချို(ပြန်/ဆက်)