မြောင်းမြ ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြောင်းမြမြို့နယ် အခြေခံစာတတ်မြောက် ရေးသင်တန်းကို ယနေ့နံနက် ၇ နာရီအချိန်က စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံ စာတတ်မြောက်ရေးသင်တန်းကို မြောင်းမြမြို့နယ်တွင် သင်ကြားရေးစခန်း (၁၄) ခု သတ်မှတ်၍ သင်ကြားပေးမည်ဖြစ်ပြီး၊ အခြေခံ စာတတ်မြောက်ရေး သင်ကြားနေမှုများအား မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များမှ အ.ထ.က (၁)ကျောင်း၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ခေမာသီဝံကျောင်း ဝိမုတ္တိဓမ္မာရုံကြီးနှင့် အ.ထ.က(၇) ကွယ်လွယ်ကျောင်း တို့တွင် သင်ကြားပေးနေမှုအခြေအနေများအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းနည်းပြ ဆရာ၊ ဆရာမ စုစုပေါင်း (၁၉၂) ဦးတို့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)