သတင်းများ

လားရှိုးမြို့အဝင် ပြည်ထောင်စုလမ်းမကြီး ၊ မြို့တွင်းလမ်းတိုးချဲ့ဆောင်ရွက်မှုများ စတင်ဆောင်ရွက်
Oct 19,2023
လားရှိုးမြို့တွင်း ခရီးသွားလာသူများ ပိုမိုအဆင်ပြေစေရေးအတွက် လားရှိုး-မန္တလေးပြည်ထောင်စုကားလမ်းမကြီး လားရှိုးမြို့အဝင်လမ်းမကြီးကို တိုးချဲ့ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Oct 19,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ချင့်ချိန်နှိုင်းဆရခြင်းသဘော" ဆောင်းပါးဖြင့် ၀န်ထမ်းများ စုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                
မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာရှိ ဇေတဝန်တပ်ဦး ဘုန်းတော်ကြီးကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Oct 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ် ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာရှိ ဇေတဝန်တပ်ဦး ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် (၉)နာရီခွဲက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ တတိယအကြိမ်မြောက် နာဂပုရသာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းကြီးမှ ကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ တတိယအကြိမ်မြောက် နာဂပုရသာ မဏေကျော်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။
မုဒုံမြို့၌ စျေးကွက်အတွင်း တရားမဝင်တင်သွင်းဖြန့်ချိသော ဆေးဝါးများအား ကွင်းဆင်းစစ်ဆေး
Oct 19,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင်  ဆေးဝါးမှတ်ပုံတင် ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်းဖြန့်ချိလျက်ရှိသည့် ဆေးဝါးများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ စျေးကွက်ကွင်းဆင်းစစ်ဆေးသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ​ရောဂါကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်
Oct 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ပညာသင်ကြားနေသည့် ကျောင်းသူများမှ အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) Vaccine ကို ထိုးနှံပေးခဲ့သည်။
မိုးနဲမြို့နယ်၌ ဌာနဆိုင်ရာများ ပါဝင်သော စစ်‌ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်
Oct 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ပြည်သူများ လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ တရား ဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်သူများ သိရှိစေရန်အတွက် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို နောင်လိုင်ကျေးရွာအုပ်စု၊ ခဲတောင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနေရာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ
Oct 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ပြီး  ယနေ့နေ့လည် (၁)နာရီ အချိန်က မိုင်းစံမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။