သတင်းများ

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချိုနှင့်အဖွဲ့ နတ်တလင်းခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Oct 19,2023
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချိုနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုဗိုလ်မှူးကြီး မင်းနိုင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်အောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Oct 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင်လူငယ်လူရွယ်များ၊ စာဖတ်သည့် အလေ့အထရရှိစေရန် စာပေကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ အသိပညာဗဟုသုတများ မျှဝေတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေး
Oct 19,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရန်အတွက် အပတ်စဉ်(ဗုဒ္ဓဟူးနေ့)တိုင်း မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးနေကြောင်း အဆိုပါ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံက သိရသည်။
နာဂဒေသ ပန်ဆောင်မြို့အတွင်း စပါးနှင့်အခြားသီးနှံများ အောင်မြင်ဖြစ်ထွန်း
Oct 19,2023
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ နောင်ယန်းအင်းပတ်လည် ကျေးရွာများရှိ မိုးကောင်းသောက်လယ်မြေများတွင် စိုက်ပျိုးထားသော စပါးခင်းများ အောင်မြင်ဖြစ်ထွန်းသလို ဆောင်းသီးနှံဖြစ်သည့် နှမ်း၊ ဆီမုန့်ညှင်း၊ ဆီနေကြာနှင့် ပဲစိမ်းငုံ သီးနှံများလည်း အောင်မြင်လျက်ရှိပြီး အထွက်နှုန်း ကောင်းမွန်နိုင်ကြောင်း တောင်သူများထံမှ သိရသည်။
ကြို့ပင်ကောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Oct 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အာလူးစိုက်ပျိုးရေးစရိတ် လျော့ချနိုင်ရန် ဘောင်တင် မိုးကာအုပ် ရေအစက်ချစနစ်ဖြင့် စမ်းသပ်စိုက်ပျိုး
Oct 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ အာလူးစိုက်ပျိုးရေးစရိတ် ကြီးမားလွန်းသောကြောင့် စရိတ်လျော့ချနိုင်ရန်အတွက် မိုးကာအုပ်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
မိုင်းကိုင်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ
Oct 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စာဖတ်ပရိသတ်တိုးပွား၍ စာဖတ်အား ကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများ ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ ယနေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်း၌ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲကျင်းပ
Oct 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် သုံးသီးစိုက်ဧကများ လျာထားဧကပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက သိုက်ဝါးချောင်း ကျေးရွာအုပ်စု၊ ရင်းတိုက်မျှောင်ကျေးရွာတွင်ကျင်းပခဲ့သည်။