တွံတေး ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်(၈၃)ကြိမ်မြောက် ရွှေကျင်နိကာယဂိုဏ်းလုံးဆိုင်ရာ ဝိနယဓရစာတော်ပြန်ပွဲတွင် ဝင်ရောက်ဖြေဆိုကြသော သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၅ ခုနှစ် နတ်တော်လဆန်း ၁၃ ရက် ယနေ့နံနက်ပိုင်း၌ တွံတေးမြို့ပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ် ရွှေကျင်နိကာယဥက္ကဋ္ဌဆရာတော် ဦးဆောင်၍ (၈၃)ကြိမ်မြောက် ရွှေကျင်နိကာယစာပြန်ပွဲကို ဒီဇင်ဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး စာပြန်၊ စာထောက်သံဃာတော်အရှင်သူမြတ်များ မြို့တွင်းရပ်ကွက်များသို့ နေ့စဥ်အလှည့်ကျ နံနက်ပိုင်း၌ သံဃာတော်အရှင်သူမြတ် အပါး(၁၀၀)ကျော်အား မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင် ပြည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူခြင်းဖြင့် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရှိရသည်။
တွံတေးသား