သတင်းများ

မိုးညိုမြို့နယ်၌ အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ အသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်
Oct 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရေကင်း‌အုပ်စု၊ ပုရွက်ဆိတ်ကျေးရွာတွင် ငါးမွေးတောင်သူများနှင့် ရေလုပ်သားများအား အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာလေမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Oct 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနမှ ကြီးမှူး၍ ယမန်နေ့ ညနေပိုင်းက မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို အဆိုပါရုံးရှိ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချိုနှင့်အဖွဲ့ နတ်တလင်းခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Oct 19,2023
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချိုနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုဗိုလ်မှူးကြီး မင်းနိုင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်အောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Oct 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင်လူငယ်လူရွယ်များ၊ စာဖတ်သည့် အလေ့အထရရှိစေရန် စာပေကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ အသိပညာဗဟုသုတများ မျှဝေတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေး
Oct 19,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရန်အတွက် အပတ်စဉ်(ဗုဒ္ဓဟူးနေ့)တိုင်း မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးနေကြောင်း အဆိုပါ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံက သိရသည်။
နာဂဒေသ ပန်ဆောင်မြို့အတွင်း စပါးနှင့်အခြားသီးနှံများ အောင်မြင်ဖြစ်ထွန်း
Oct 19,2023
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ နောင်ယန်းအင်းပတ်လည် ကျေးရွာများရှိ မိုးကောင်းသောက်လယ်မြေများတွင် စိုက်ပျိုးထားသော စပါးခင်းများ အောင်မြင်ဖြစ်ထွန်းသလို ဆောင်းသီးနှံဖြစ်သည့် နှမ်း၊ ဆီမုန့်ညှင်း၊ ဆီနေကြာနှင့် ပဲစိမ်းငုံ သီးနှံများလည်း အောင်မြင်လျက်ရှိပြီး အထွက်နှုန်း ကောင်းမွန်နိုင်ကြောင်း တောင်သူများထံမှ သိရသည်။
ကြို့ပင်ကောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Oct 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အာလူးစိုက်ပျိုးရေးစရိတ် လျော့ချနိုင်ရန် ဘောင်တင် မိုးကာအုပ် ရေအစက်ချစနစ်ဖြင့် စမ်းသပ်စိုက်ပျိုး
Oct 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ အာလူးစိုက်ပျိုးရေးစရိတ် ကြီးမားလွန်းသောကြောင့် စရိတ်လျော့ချနိုင်ရန်အတွက် မိုးကာအုပ်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။