ကော့မှူး ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အ.ထ.ကတွင် ၁၉၆၈ ခုနှစ်မှ ၁၉၇၂ခုနှစ်ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ဆရာကြီးဦးတင်မြင့်နှင့် အထက်တန်း(ပြ)ဆရာမကြီးဖြစ်ကြသော ဆရာမကြီးဒေါ်စောမြတင်၊ ဆရာမကြီးဒေါ်နုနုနှင့် ဆရာမကြီးဒေါ်ခင်ခင်တို့အား ကျောင်းသား၊ ကျောင်းသူများမှ ပူဇော်ကန်တော့ခြင်းနှင့် ကျောင်းသား/ကျောင်းသူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀နာရီက (အ.ထ.က)ကျောင်းဟောင်းနေရာဖြစ်သော ပြည်တော်သာ(အ.မ.ကမူလွန်)ကျောင်း စိန်ရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကန်တော့ခံကျောင်အုပ်ဆရာကြီးဦးတင်မြင့် အသက်(၉၁)နှစ်အား အသက်(၆၀)ကျော်၊ (၇၀)ကျော်အရွယ် ကျောင်းသား/ကျောင်းသူတပည့်ဟောင်းများက ဦးစွာကန်တော့ကြပြီး ကျောင်းအုပ်ဆရာကြီးက ဆုံးမဩဝါဒဆုတောင်းစကားများ ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူဟောင်းများက တစ်ဦးခြင်း ငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး စုပေါင်းလှူဒါန်းငွေများအား ခွဲဝေလှူဒါန်းခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ကန်တော့ခံကျောင်းအုပ်ဆရာကြီး ဦးတင်မြင့်နှင့်ကျောင်းသား၊ ကျောင်းသူဟောင်းများကို ဆရာကြီး/ ဆရာမကြီးတို့၏ တပည့်များဖြစ်သော (ဦးမောင်မြင့်)+ဒေါ်လီလီမိသားစုတို့က နံနက်စာအဟာရ ထမင်းဟင်းများဖြင့် အမှတ်တရ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)