သတင်းများ

လဲချားတွင် နေရပ်စွန့်ခွာပြည်သူများအား မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ဒေသဝက်များ ထောက်ပံ့
Oct 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့၌ နေရပ်စွန့်ခွာပြည်သူများ မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်လာရာ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ လဲချားမြို့မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနမှဒေသဝက်များထောက်ပံ့ခြင်းကို ယနေ့နေ့လည် ၁၂ နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်
ပင်းတယမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲ၌ ဆောင်းရာသီသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
Oct 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ဆင်ခေါင်းရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်းက၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဆောင်းရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မင်းလှမြို့တွင် ပန်းတိုင်အထွက်တိုးရရှိစေရန်ဆောင်းသီနှံစိုက်တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးအပ်
Oct 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် ဆောင်းသီနှံစိုက်တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကလေးငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကလေးငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်သည်။
မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များပေးအပ်
Oct 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် ငါးသားပေါက် များပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌  ပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ စျေးကွက်အတွင်း အမည်တူတရားမဝင်ကုန်ပစ္စည်းများကို ရောင်းချခြင်းရှိ/ မရှိတာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေး
Oct 19,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စီးပွးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားမှုဖြင့် ယမန်နေ့နံနက် ၁၀ နာရီ၁၅အချိန်က ဆေးဝါးမှတ်ပုံတင် ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်ကုန်ပစ္စည်းကို ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုးညိုမြို့နယ်၌ အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ အသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်
Oct 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရေကင်း‌အုပ်စု၊ ပုရွက်ဆိတ်ကျေးရွာတွင် ငါးမွေးတောင်သူများနှင့် ရေလုပ်သားများအား အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာလေမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Oct 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနမှ ကြီးမှူး၍ ယမန်နေ့ ညနေပိုင်းက မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို အဆိုပါရုံးရှိ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်