မတ္တရာ ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာသန်းထွန်းနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးလှိုင်းဝင်းသန်းတို့မှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးကဏ္ဍမှ လက္ကောင်းကြီးကျေးရွာအုပ်စု ကံဖြူကျေးရွာရှိ ဦးသက်ခိုင်၏ အသားစားကြက်(၁၅၀၀)ကောင် မွေးမြူရေးကြက်ခြံနှင့် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှ လက္ကောင်းကြီးကျေးရွာရှိ ဒေါ်ရင်ရင်၏ ငါးမွေးမြူရေးကန်တို့တွင် မွေးမြူရေးလုပ်ငန်းများတိုးတက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍတင် တောင်သူ(၄၅)ဦး၊ မွေးမြူရေးကဏ္ဍတွင်(၂၉)ဦးနှင့် အခြားစီးပွားရေးကဏ္ဍ(သမ)တွင်(၂)ဦး စုစုပေါင်း(၇၆)ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)