တောင်တွင်းကြီး ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ ပညာရေးဌာနနှင့် UCMAS တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် UCMAS World Cup ပြိုင်ပွဲတွင် Silver Prize နှင့် International Competition Category I တွင် Third Runner Up Prize ရရှိခဲ့သော သားမောင်ကောင်းခန့်သော်အား ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့တွင် အမှတ်(၁)အခြေခံပညာအထက်ကျောင်း၊ ပေလေးပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့ မဟာထူးချွန်ကိုယ်ပိုင်အထက်ကျောင်း၏ Founder ဆရာကြီးဦးစိုးမြင့်က အဖွင်အမှာစကားပြောကြားပီး Silver Prize နှင့် International Competition Category I တွင် Third Runner Up Prize ရရှိခဲ့သော ကျောင်းသားမောင်ကောင်းခန့်သော်က စွမ်းဆောင်ရည်ပြသခြင်းနှင့် UCMAS taungdwingyi မှ ကျောင်းသား၊ ကျောင်းသူများ၏သွက်လက်ဖြတ်လက်မှု၊ စိတ်ဝင်စားမှုနှင့်စွမ်းဆောင်ရည်များကို အသီးသီးယှဥ်ပြိုင်ပြသခဲ့သည်။
ဆက်လက်၍ UCMAS Taungdwingyi Founder ဦးကျော်ဝင်းလတ်မှ ကျောင်းထူထောင်ခဲ့ပုံနှင့် UCMAS World Cup ကို ယှဥ်ပြိုင်ခွင့်ရရှိရန်ခက်ခဲခဲ့ပုံ၊ အောင်မြင်မှုရရှိရန်ကြိုစားခဲ့ရပုံများကိုပြောကြားခဲ့ပြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ Grade-6 နှင့် Grade-6 အောက် ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များကို စွမ်းဆောင်ရည်အရည်အချင်းစစ်စာမေးပွဲဖြေဆို၍ အဆင့် ၁ မှ အဆင့် ၁၀ အတွင်းရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို UCMAS ကျောင်းက အခမဲ့ပညာသင်ခွင့်ပေးမည့်ဖြစ်ကြောင်းနှင့် တက်ရောက်လာကျသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏မိဘများကို စွမ်းဆောင်ရည်အရည်အချင်းအဆင့်များကို ကန့်ကွက်ရန် ရှိ၊ မရှိ သဘောထားမေးမြန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဂုဏ်ပြုပွဲသို့တက်ရောက်လာကြသည့် မြို့နယ်အထွေထွေစီမံအုပ်ချုပ်ရေးမှ အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်း၊ ပညာရေးဌာနမှ ပညာရေးမှူးဒေါ်လှလှဝင်းနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံပြည်သူများကို အစားအသောက်များဧည်ခံကျွေးမွေးခြင်းနှင့် ဖျော်ဖြေရေးအစီစဥ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)