ပခုက္ကူ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးအရောင်းဆိုင်များ၌ ပြည်သူများဝယ်ယူသုံးစွဲလျက်ရှိသော နေ့စဉ်သုံးဆေးနှင့်ဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနေမှုရှိ/မရှိအခြေအနေတို့ကို ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုကို ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းရောင်းချလျက်ရှိသည့် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ နေ့စဉ်သုံးဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်၍ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ဝယ်ယူသိုလှောင်ထားခြင်းရှိ/မရှိ၊ ဆေးဝါးပစ္စည်းများအလွယ်တကူဝယ်ယူရရှိနိုင်ရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချမှုရှိ/မရှိ၊ ဘေးကင်းလုံခြုံသောဆေးနှင့်ဆေးဝါးစ္စည်းများ ရောင်းချမှုရှိ/ရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဆေးအရောင်းဆိုင်ရှင်များနှင့်ဝန်ထမ်းများ၊ ဆေးဝါးပစ္စည်းများ တိုက်ရိုက်ဝယ်ယူသုံးစွဲသူပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)