မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့် (နောက်ဆက်တွဲ) ဆင့်ပွားသင်တန်းဖွင့်လှစ်

မဟာအောင်မြေ ဒီဇင်ဘာ ၂၄

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ဒီဇင်ဘာ(၂၃) ရက်နေ့မှစတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို ယခင်နှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို (၁၀-၅-၂၀၂၂)ရက်နေ့မှ (၁၃-၅-၂၀၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ယခုအခါ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင်လည်း Grade-5 မြို့နယ်အဆင့်(နောက်ဆက်တွဲ)ဆင့်ပွားသင်တန်းကို ဒီဇင်ဘာ(၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိဖွင့်လှစ် ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင်လည်း Grade-5 မြို့နယ်အဆင့်(နောက်ဆက်တွဲ) ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းမှာ KG to Grade-5 အသီးသီးရှိ ပညာရပ်တွေအား လေ့လာသင်ယူပြီး မိမိသင်ကြားရမည်ဘာသာရပ်များအားလုံး စနစ်တကျသင်ကြားနိုင်စေရန်၊ ပညာရေးစွမ်းရည်များမြင့်မားလာစေရန်၊ မူလတန်းအဆင့် ဆရာ/ဆရာမများအားလုံး Grade-5 သင်ရိုးသစ်များ ကျမ်းကျင်စွာတတ်မြောက်၍ ကျောင်းသား/သူများအား ပြန်လည်သင်ကြားပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းအား သင်တန်းမှူးနှင့်ရုံးအဖွဲ့(၃)ဦး၊ နည်းပြ(၃)ဦး၊ သင်တန်းသား/သူ(၁၇)ဦး၊ ခရိုင်ကြီးကြပ်သူ(၁)ဦး၊ စုစုပေါင်း(၂၄)ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း