ထားဝယ်မြို့တွင်ထူးခြားထင်ရှားလှသည့်ထားဝယ်ရိုးရာသပိတ်မျှောပွဲနှင့် ဝင်္ကဘာဓလေ့
Oct 20,2023
သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအတွက် သင်္ကြန်ပွဲတော်ပြီးလျှင် ဒုတိယမြောက်အစည်ကားဆုံး ကျင်းပခဲ့သောပွဲတော်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအတွက် စိတ်အားထက်သန်စွာဖြင့် ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များအနက်တစ်ခုပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး သီတင်းကျွတ်လပြည့်မတိုင်မီ တစ်ရက်၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်ဟူ၍ သုံးရက်တိုင်တိုင် ကျင်းပဆင်နွှဲလေ့ရှိပါသည်။ ၂၀၂၃ ခုနှစ်အတွက် အောက်တိုဘာလ ၂၉ ရက်နေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ပင် ဖြစ်ပါသည်။