သတင်းများ

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မိုးရာသီသီးနှံများ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ကျင်းပ
Oct 20,2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မိုးရာသီသီးနှံများ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နတ်မောက်မြို့ အခြေခံပညာလယ်တန်းကျောင်း (တမာပင်)တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Oct 20,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇာခြည်ငုဝါနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နဲ့အညီ ပန်းခင်းစီမံချက် (၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောက်တိုဘာ ၁၉ ရက်နေ့ နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်
ဒိုက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Oct 20,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၄၈ ဃ)၊ ဖောင်တော်သီကွင်း၊ ဦးပိုင်အမှတ် (၁/၁)၊ တောင်သူ ဦးသန်းထွန်း စိုက်ပျိုးထားသည့်ဆင်းသုခ စပါးမျိုးသန့်စိုက်ခင်းအား မြို့နယ်ကိုယ်စားပြုမိုးစပါး စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့တွင်ကျင်းပခဲ့သည်။
သထုံမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါးဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Oct 20,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် တရားဝင်မှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိဘဲ တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် ဆေးဝါးရောင်းချခြင်းများ ရှိ/မရှိကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ၁၃နှစ်ပြည့် ရွှေသင်္ခါပညာရေးဖောင်ဒေးရှင်း အထိမ်းအမှတ် အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Oct 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ လူငယ် အားကစားသမား ရွက်ပုန်းသီးများ ပေါ်ထွန်းလာစေရေးအတွက် အနော်ရထာရပ်ကွက်၊ ၁၃ နှစ် ပြည့် ရွှေသင်္ခါပညာရေးဖောင်ဒေးရှင်း အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါရပ်ကွက်ဘောလုံးကွင်းတွင် ကျင်းပသည်။
မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ
Oct 20,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးလာစေရန်နှင့် မြန်မာစကားပုံများကို လေ့လာသိရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၁၆၆ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Oct 20,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 20,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။