မိုင်းခတ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ၊ လူထုအားကစားလှုပ်ရှားမှုအနေဖြင့် မိုင်းခတ်တပ်နယ်စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လမ်းလျှောက်ပွဲတွင် စစ်ဗျူဟာအခြေချ(မိုင်းခတ်)စစ်ဗျူဟာမှူးကြီးဗိုလ်မှူးကြီးဇော်အေးထွန်းနှင့်ဇနီး၊ အရာရှိ၊ အရာခံစစ်သည်နှင့်စစ်သည်ရဲမေမိသားစုများ စုစုပေါင်းအင်အား(၃၆၃)ဦးတို့သည် စုရပ်ဖြစ်သော စစ်ဗျူဟာ(မိုင်းခတ်)တန်းစီကွင်းတွင် စနစ်တကျတန်းစီကာ တပ်တွင်းလမ်းမှစတင်၍ မြို့အဝင်တံတားမှတစ်ဆင့်မိုင်းခတ်မြို့အတွင်း စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး စုရပ်ဖြစ်သောစစ်ဗျူဟာ(မိုင်းခတ်)တန်းစီကွင်း၌ ကိုယ်ကာယလေ့ကျင့်ခန်းများ၊ အကြောလျှော့လေ့ကျင့်ခန်းများကို စုပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)