မုဒုံ ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာဆွေနွေးပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူးဒေါက်တာခင်သူဇာက Grade-5 အတွက် စာစစ်ဌာနများ မြို့နယ်အတွင်းကျင်းပနိုင်ရေးစီစဥ်ထားရှိမှုများ လိုက်နာရမည့်စည်းကမ်းချက်များ၊ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် တာဝန်များကို ဆရာ/ဆရာမများအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး လိုအပ်သည်များကို မြို့နယ်ပညာရေးမှူးနှင့်အတူ ပူးပေါင်းညှိနှိုင်း ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မုဒုံမြို့နယ်ပညာရေးမှူးနှင့် ရုံးအဖွဲ့ဆရာ/ဆရာမများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမများ စုစုပေါင်း ၂၅၆ ဦး တက်ရောက်ကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)