တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ စတုတ္ထအပတ် ဗိုလ်တထောင်မြို့နယ်တွင် ကျင်းပ

ဗိုလ်တထောင် ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ စတုတ္ထအပတ်ကို ယနေ့နံနက် နံနက် ၅ နာရီအချိန်က အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှေ့အနော်ရထာလမ်းမှ စတင်၍စုပေါင်း လမ်းလျှောက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စု​ပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သူနာပြုသင်တန်းကျောင်းမှ ဆရာမများ၊ သင်တန်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အားကစားကို စိတ်ဝင်စားကြသော ပြည်သူများ စုစုပေါင်း(၂၀၀)ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။

စုရပ်နေရာ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းရှေ့ အနော်ရထာလမ်းမှ ဗိုလ်အောင်ကျော်လမ်း၊ ကုန်သည်လမ်း၊ ဗိုလ်မြတ်ထွန်းလမ်းမှ အနော်ရထာလမ်း အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှေ့ အနော်ရထာလမ်းမပေါ်တွင် ပျော်ရွှင်စွာ ကာယာ လေ့ကျင့်ခန်းအတွဲ-၁၊ အတွဲ-၂နှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ ကြပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများကို စမူဆာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ခင်ဝင်း