သတင်းများ

ကျိုက်မရော၌  Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်
Dec 23,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄ ခုနှစ်ပညာသင်နှစ်  Grade-5 သင်ရိုးသစ် မြို့နယ်အဆင့်  နောက်ဆုံးတွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော(ပညာအားမာန်)ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အလုံမြို့နယ်၌ ၅ နှစ်ယောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး(ပထမအကြိမ်) တိုက်ကျွေး
Dec 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ၅ နှစ်ယောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (ပထမအကြိမ်) တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စည်ပင်မော်တော်ယဥ်ဝင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီခွဲက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်းစုရပ်မှ စတင်ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲ ကျင်းပ
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် ပြည်မြို့အထူးကုဆရာဝန်ကြီးများမှ နယ်လှည့်ကွင်းဆင်း(အခမဲ့) ဆေးကုသပေးခြင်းများ ဆောင်ရွက်
Dec 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်မြို့ ကုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးဦးဆောင်ကာ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူများဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေး၊ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း(အခမဲ့) ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘားအံ၌ ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ
Dec 23,2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၅ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပသည်။
ဘားအံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာပေစကားဝိုင်း ကျင်းပ
Dec 23,2023
ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိူးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာပေစကားဝိုင်းကို ယမန်နေ့နံနက်ပိုင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ခရိုင်အမျိူးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အလုပ်သမားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းရှိန် ညောင်ဦးမြို့၌ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာဥပဒေများ အသိပညာပေးပွဲ တက်ရောက်
Dec 23,2023
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည်  ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ Royal Palace Hotel  ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်အလုပ်သမား ရေးရာဥပဒေများ အသိပညာပေးပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ အလုပ် သမားရေးရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ခံများ၊ လုပ်ငန်းရှင်များနှင့် NSSA အသိအမှတ်ပြု စစ်ဆေးအကဲဖြတ်ရေးဌာနများမှ တာဝန်ခံများ၊ ဖိတ်ကြားထားသူများ အင်အား(၁၀၈)ဦးခန့်တက်ရောက်ခဲ့သည်။