သတင်းများ

တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 (မြို့နယ်အဆင့်) နောက်ဆက်တွဲ သင်တန်း ဖွင့်လှစ်
Dec 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သင်ရိုးသစ် Grade-5 (မြို့နယ်အဆင့်) နောက်ဆက်တွဲ သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ခရစ္စမတ် မိတ်သဟာယ ညစာ စားပွဲကျင်းပ
Dec 24,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရစ္စမတ်မိတ်သဟာယ ညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းအချိန်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကံဘဲ့နှစ်ခြင်း ခရစ်ယာန်ဓမ္မရိပ်သာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ကြက်သွန်နီစိုက်တောင်သူများ ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရရှိ
Dec 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိပွဲရုံများသို့ ပေါ်ဦးပေါ်ဖျားမှာ ကြက်သွန်နီများ အဖွင့်ဈေးကောင်းကောင်းဖြင့် ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးမြို့အမှတ်(၄)မကျီးချောင်း ပွဲရုံပိုင်ရှင်ဒေါ်လဲ့ထံမှ သိရသည်။
မြင်းခြံမြို့၌ မြို့နယ်အဆင့် Grade-5 နောက်ဆက်တွဲသင်တန်း ဖွင့်လှစ် သင်ကြား
Dec 24,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် Grade-5 နောက်ဆက်တွဲသင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြင်းခြံမြို့ အထက(၁) ကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
ကြို့ပင်ကောက်မြို့၌ မြို့နယ်လုံးကျွတ်မြတ်ဆရာပူဇော်ပွဲ (၂၃)ကြိမ်မြောက်ကျင်းပ
Dec 24,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ အ.ထ.က(ကြို့ပင်ကောက်)ကျောင်းတွင် မြို့နယ်လုံးကျွတ်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့တွင် ဒီဇင်ဘာ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲ ပျော်ရွှင်စွာဆင်နွှဲ
Dec 24,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က ဒီဇင်ဘာလ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနပေါင်းစုံမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းများ၊  ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
မြင်းမူမြို့နယ်တွင် ဆောင်းနှမ်းများစတင်ရိတ်သိမ်းရောင်းချလျက်ရှိပြီး ဈေးကောင်း၍တောင်သူများအဆင်ပြေ
Dec 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် ဆောင်းနှမ်းများစတင်ရိတ်သိမ်း‌ရောင်းချလျက်ရှိရာ   ဈေးနှုန်းကောင်းမွန်ကြောင်း နှမ်းစိုက်တောင်သူများထံက သိရှိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သောတောင်သူများအား နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေမှ အရင်းမပျောက်မတည်ချေးငွေကျပ်သန်း(၁၉၇၀)ပေးအပ်
Dec 24,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကြက်သွန်နီကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်သည့် ကြက်သွန်နီစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း လီမိတက် အသင်းဝင်တောင်သူများအား အရင်းမပျောက်မတည်ရန်ပုံငွေမှ  အရင်းမပျောက်မတည်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ငွေသဲဖြူခန်းမ၌ ကျင်းပခဲ့သည်။