သတင်းများ

တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Nov 14,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဒလမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Nov 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့သည်။
တာချီလိတ်မြို့ အ.ထ.က (ဟောင်လိတ်) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Nov 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ဗျူဟာအခြေချ (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင် ကွန်ဟိန်းမြို့ နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ လာရောက်ကြည့်ရှု
Nov 14,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် စစ်ဗျူဟာအခြေချ (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းနိုင်နှင့်အဖွဲ့သည် ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ယနေ့ နံနက် ၁၀နာရီခွဲခန့်က လာရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ကော့မှူး၌ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲကျင်းပ
Nov 14,2023
ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်မုတ်ကျွန်းတာ (သရက်တောအပိုင်း) သရက်တောကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်း တရားမဝင်တင်သွင်းလာသည့် စားသုံးဆီများရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Nov 14,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်ကြီးမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်ဆိုင်များနှင့် သိုလှောင်ထားရှိသည့် နေရာများတွင် အိမ်နီးချင်းနိုင်ငံမှ တရားမဝင် တင်သွင်းရောက်ရှိလာသည့် ပုစွန်တံဆိပ်ပါ စားသုံးဆီများအား ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့သည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Nov 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ ဆီးချို၊ သွေးချိုရောဂါ ကာကွယ်တားဆီးထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး
Nov 14,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ကမ္ဘာ့သွေးတိုး၊ ဆီးချို၊ သွေးချိုရောဂါ ကာကွယ်တားဆီးထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခြင်းများ ကျန်းမာရေးကောင်းမွန်မည်လှုပ်ရှားမှုများကို မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။