Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်မြို့နယ် မဲဆန္ဒရှင် ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းဆောင်ရွက်
Dec 24,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်း ဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက် ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့၌ မြို့နယ်အဆင့် Grade-5 နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်သင်ကြား
Dec 24,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် Grade-5 နောက်ဆက်တွဲသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က မြင်းခြံမြို့အ.ထ.က(၁)ကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်
Dec 24,2023
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ ဒီဇင်ဘာ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲပြုလုပ် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းအင်အား ၃၅၀ ဦးခန့် ပါဝင်ဆင်နွှဲ
Dec 24,2023
ပြည်သူတစ်ဦးချင်းမှ အစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်ရည်ရွယ်၍ ဒီဇင်ဘာလ (စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၆ နာရီခွဲက ချင်းပြည်နယ်၊ ဟားခါးမြို့၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီးဒေါ်ဒိမ့်ခန့်လွန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၅၀)ဦးခန့် ပါဝင်ဆင်နွှဲကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့ မဒေါ့ပင်စံပြကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ
Dec 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မဒေါ့ပင်စံပြကျေးရွာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရေရှည်တည်တံ့သော လူထုအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံမှုကြမ်းရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Dec 23,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရေရှည်တည်တံ့သော လူထုအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံမှုကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် ဒီဇင်ဘာစတုတ္ထပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပြုလုပ်
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ပြည်သူတစ်ရပ်လုံးမှ အားကစား လှုပ်ရှားမှုတွင် ပါဝင်လာစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပျော်ရွှင်လာစေရန်နှင့် အားကစားစိတ်ဓာတ်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာ စတုတ္ထပတ်လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မိသားစု ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော် ကျင်းပ
Dec 23,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်အစိုးရအဖွဲ့၏ မိသားစု ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7804
Page
7805
Page
7806
Page
7807
Current page
7808
Page
7809
Page
7810
Page
7811
Page
7812
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department