ကြံခင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိ/မရှိ အသိပညာပေး စစ်ဆေးဆောင်ရွက်

ကြံခင်း ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်ဝေးစေရန် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား လိုက်နာခြင်းရှိ/မရှိ အသိပညာပေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီအချိန်က ကြံခင်းမြို့ တလိုင်းကျေးရွာ၊ မြို့ဝင်ကားလမ်းမတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကြံခင်းမြို့နယ်အတွင်း  ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်းကျဆင်းပပျောက်စေရေး အတွက်  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်စိုး ကြီးကြပ်မှုဖြင့် ဒုရဲအုပ်အောင်အောင်နှင့် တာဝန်ရှိသူများက နေ့စဉ်မော်တော်ဆိုင်ကယ် စီးနင်း သူများတွင် ဆိုင်ကယ်စီးဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုးတပ်ဆင်ပြီးစီးရန်၊ မော်တော်ယာဉ်များတွင် ပါရှိရမည့်အချက်များ၊  ဘက်မှန်၊ နံပါတ်ပြား နှင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်ဦးထုပ်များ အသုံးပြုခြင်းရှိ/မရှိနှင့် မော်တော်ယာဉ်မောင်းနှင်သူများအား ခါးပတ်ပတ် မောင်းနှင်ကြရန် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး  စည်းကမ်းလိုက်နာမှုမရှိသော ယာဉ်နှင့် ယာဉ်ပိုင်ရှင်များအား ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)