ကျိုင်းတုံမြို့၌ လွယ်(ပလန်)တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုခန်းမဖွင့်ပွဲ ကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လွယ်(ပလန်)တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုခန်းမဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါခန်းမတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ လွယ်(ပလန်)တိုင်းရင်းသားအကြီးအကဲဦးဆမ်ယီနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်က လွယ်(ပလန်)တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုခန်းမဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အလှူရှင်အမည်ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်းတို့က အမှာစကားပြောကြားပြီး အလှူငွေများပေးအပ်ကာ လွယ်(ပလန်)တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုခန်းမ ဖြစ်မြောက်ရေး ပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။

ထို့နောက် လွယ်(ပလန်)တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုူအဖွဲ့ဥက္ကဋ္ဌဦးစိုင်းဌေးအောင်က ကျေးဇူးတင်စကားပြောကြားပြီး လွယ်(ပလန်)တိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)