မိုင်းတုံမြို့ ကျောက်တောင်ဂူ‌တောရဘုန်းကြီးကျောင်း၌ (၂၄)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပ

မိုင်းတုံ ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျောက်တောင်ဂူ‌တောရဘုန်းကြီးကျောင်း၌ (၂၄)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲကို ယနေ့နံနက် (၁၀း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ကျိုင်းတုံမြို့ ဝိသုဒ္ဓါရုံစာသင်တိုက်ပဓာန နာယကဆရာတော်ဉူးလက္ခဏထံမှ ဧည့်ပရိတ်သတ် အပေါင်းတို့ က ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ်အပေါင်းတို့မှ မေတ္တာသုတ်ပရိတ်တော်များ ရွတ်ဖတ်ချီးမြှင့်ခြင်းထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်အပေါင်းအား စေတနာရှင်များမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊  ၊ကျိုင်းတုံမြို့ ဝိသုဒ္ဓါရုံစာသင်တိုက်ပဓာန နာယကဆရာတော်ဉူးလက္ခဏက ပဠာန်းရွတ်ဖတ်ရခြင်းအကျိုးနှင့်ပတ်သတ်၍ တရားပေးပြီးနောက် လှူဖွယ်ပစ္စည်းအစုစုအတွက် ရေစက်သွန်းချ သာဓုအနုမောဒနာတရားတော်များ ချီးမြှင့်ခြင်း၊ “ဗုဒ္ဓသာသနံစိရံတိဌတု” သံပြိုင်(၃)ကြိမ် ရွတ်ဆိုပူ‌ဇော်၍ အခမ်းအနားပိတ်သိမ်းပြီး အလှူရှင်များမှ ဆရာတော်သံဃာတော်အရှင်သူမြတ်များကို ဆွမ်းကပ်ခြင်း၊ တက်ရောက်လာသော ဧည့်သည်တော်များကို ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)