ဟုမ္မလင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် ဆရာမများအား မွမ်းမံသင်တန်း ဖွင့်လှစ်

ဟုမ္မလင်း ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-1)မှ (Grade-5)ထိ ဆရာ/မများ မွမ်းမံသင်တန်းကို ဒီဇင်ဘာ(၂၄) ရက်နေ့တွင် ဟုမ္မလင်းမြို့၊ မူလွန် အ-မ-က(၁) ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ Grade-1 မှ Grade-5 ထိ ဆရာ/မများ မွမ်းမံသင်တန်းတွင် တာဝန်ရှိ ဆရာ/မများက ဘာသာရပ်အလိုက် ဆွေးနွေးပို့ချ သင်ကြားပေးသွားမည်ဖြစ်ပြီး ဆရာ/မများ မွမ်းမံသင်တန်းသား/သူ ၁၀၁ ဉီး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ (၃)ရက်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)