ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)မှ လေးလပတ် အတွေ့အကြုံနှင့် လူငယ်ကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

ငါးသိုင်းချောင်း ဒီဇင်ဘာ ၂၆

ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ငါးသိုင်းချောင်းမြို့ အသင်းခွဲငယ်မှ ကျင်းပပြုလုပ်သော "လေးလပတ် အတွေ့အကြုံနှင့် လူငယ်ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမောင်မောင်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးအောင်စိုးမြင့်မှ အသင်းခွဲငယ် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြားခဲ့သည်။ ဒုမြို့နယ်တပ်ခွဲမှူး ဦးခင်မောင်သန်းမှ လေးလပတ် အတွေ့အကြုံများနှင့် လေးလပတ် ဆုံးဖြတ်ချက်များအား ရှင်းလင်းပြောကြားခဲ့၍ မြို့နယ် လူငယ်ကိုယ်စားလှယ်မှ သင်တန်းအတွေအကြုံများနှင့် လူငယ်ကော်မတီ၀င်ဖွဲ့စည်းခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အစီအစဥ် (၇)ရပ်နှင့် ကျင်းပခဲ့ပြီး ကြက်ခြေနီတပ်အဖွဲ့ဝင် (၄၀)ဦး တက်ရောက်၍ နေ့လည်( ၁၂)နာရီအချိန်တွင် အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)