မအူပင် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူလျက်ရှိသည့် သက်ကြီးအငြိမ်းစားဝန်ထမ်းများအား ယနေ့နံနက် (၁၁)နာရီက ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း ပြုလုပ်သည်။
မြန်မာ့စီးပွားရေးဘဏ်(မအူပင်)တွင် ပင်စင်လာရောက် ထုတ်ယူလျက်ရှိသည့် သက်ကြီးအငြိမ်းစား ဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ အသက်(၈၀)နှစ်နှင့်အထက် ဘိုးဘွား(၃၆)ဦးအား ဆန် (၂)ပြည်၊ ဆီ (၅၀)သား၊ ကြက်ဥ(၁၀)လုံးနှင့် ဆား(၅၀)သားအား ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာစိုးသက်နှင့် ဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အိုဗာတင်းအာဟာရများ ကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သက်ကြီးအငြိမ်းစားဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာစိုးသက်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်သန္တာထွန်းနှင့် ဝန်ထမ်းများမှ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)