အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ) တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲပြုလုပ်

လွိုင်လင် ဒီဇင်ဘာ ၂၇

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်တွင် ရောက်ရှိမည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက  အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)၌ ပြုလုပ်သည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် “ထိန်းသိမ်းအပ်ပေ လွတ်လပ်ရေးအမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ဝေဆာပွင့်လန်း လွတ်လပ်ရေးပန်း” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ကြရာ ကျောင်းအုပ်ဆရာကြီး ဦးဇင်မင်းထွန်းနှင့် ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်