MNCH(မြို့နယ်အဆင့်)အပါအဝင် ကျန်းမာရေးအထောက်အကူပြုဝန်ထမ်းများအတွက် တီဘီစီမံခန့်ခွဲမှုဆိုင်ရာ BHS လေ့ကျင့်ရေးသင်တန်း တွံတေးမြို့၌ ဖွင့်လှစ်

တွံတေး ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး အဖွဲ့ခေါင်းဆောင် ဆရာဝန်ဒေါက်တာ ကြော့မာလာ​မြင့် ခေါင်းဆောင်၍ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေသော အခြေခံကျန်းမာရေးပညာရှင်များ(မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေး) MNCH(မြို့နယ်အဆင့်)အပါအဝင် ကျန်းမာရေးအထောက်အကူပြုဝန်ထမ်းများအတွက် တီဘီစီမံခန့်ခွဲမှုဆိုင်ရာ BHS လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တွံတေးမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်း(ရန်ကုန်) တီဘီအထူးကုသမားတော်ကြီးဆရာဝန်ကြီး ဒေါက်တာဇော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် တီဘီမဟာဗျူဟာများ၊ တီဘီအမျိုးအစားများနှင့် တီဘီရောဂါရှာဖွေရေး၊ စီမံခန့်ခွဲမှုနှင့် ဘေးထွက်ဆိုးကျိုး၊ တီဘီကုသမှု၊ TV/ EVI ပူးပေါင်းလုပ်ဆောင်မှုနှင့် TB Patient အတွက် ဆွေးနွေးတိုင်ပင်ခြင်းများ၊ DR-TB ကုသမှု၊ စောင့်ကြည့်ခြင်းနှင့်ဘေးထွတ်ဆိုးကျိုး၊ Bpal၊ BpalM တီဘီရောဂါကာကွယ်ကုသရေး၊ ကူးစက်မှုထိန်းချုပ်ရေး၊ မှတ်တမ်းတင်ခြင်းများကို ဒေါက်တာဇော်မြင့်၊ ဒေါက်တာကြော့မာလာမြင့်၊ ဒေါက်တာကျော်ဝင်းမြင့်၊ ဒေါက်တာမာမာဋ္ဌေး၊ ဒေါက်တာဇေယျာကျော်၊ ဒေါက်တာစောနွဲ့နွဲ့မြင့်၊ ဒေါက်တာ ရတနာဖူးဝေအောင်နှင့် ဆရာဦးခင်မောင်ဦးတို့က နှစ်ရက်တာ သင်တန်းပို့ချမည့်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းသို့ တွံတေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများမှ ကျန်းမာရေး ဆရာ၊ ဆရာမ (၇၁)ဦး တက်ရောက်ကြကြောင်း သိရသည်။

တွံတေးသား